Nenbutsushu Sampozan Muryojuji ဘုရားကျောင်း

 

 

Nenbutsushu Sampozan Mryojuji, The Royal Grand Hall of Buddhism သည် ဂျပန်နိုင်ငံ၊ ဟော်ဂိုခရိုင်၊ ကာတိုမြို့တွင် တည်ရှိပြီး၊ ဧကပေါင်း (၁၈၂) ဟက်တာ ကျယ်ဝန်းသဖြင့် ကမ္ဘာပေါ် တွင် အကြီးဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခုအဖြစ် တည်ရှိလျက် ရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါဘုရားကျောင်းသည် ကမ္ဘာပေါ်ရှိ  ဗုဒ္ဓဘာသာဝင်အားလုံး လေ့လာ ပူဇော်ကြည်ညိုနိုင်သည့် ဘုရားကျောင်းတစ်ခုဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ က္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သောဘိတ (H.H. Bhaddanta Sobhita Maha Thero)၊ မှ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား Nenbutsushu Sampozan Mryojuji တွင် တည်ထားကိုးကွယ်နိုင်ရန် လှူဒါန်းခဲ့ပြီး၊ အခြား သော နိုင်ငံပေါင်း (၅၁) နိုင်ငံမှ ဗုဒ္ဓဘာသာ ဆရာတော်ကြီးများမှလည်း ဗုဒ္ဓရုပ်ပွားတော်များနှင့် ဗုဒ္ဓကျမ်းစာပေ အမြောက်အမြားအား တစ်နေရာတည်းတွင် စုစည်းလှူဒါန်းထားကြပါသည်။ ဘုရားကျောင်း၏ အဓိကခန်းမဆောင်ရှိ အမိုးစွန်းတွင် တပ်ဆင်ထားသည့် Onigawara အစောင့် နတ်ရုပ်နှင့် ကျောက်မီးအိမ်များသည် ကမ္ဘာပေါ်တွင် အရွယ်အစား အကြီးမားဆုံးအဖြစ်  ကမ္ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်းဝင်များ ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် Nenbutsushu Sampozan Muryojuji Head Temple မှ ကျင်းပသည့်  the Buddhist Summit ကမ္ဘာဗုဒ္ဓ ထိပ်သီးအခမ်းအနားပွဲများတွင် ပူးပေါင်းပါဝင်မှုမှတစ်ဆင့် ဘုရားကျောင်းနှင့် ခိုင်မာသော ရင်းနှီးကျွမ်းဝင်မှု ရှိပါသည်။ အဆိုပါ ဘုရားကျောင်းသို့ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ အမြောက်အမြား လာရောက်ဖူးမြော်ကြ ကြောင်းလည်း သိရှိရပါသည်။

Nenbutsushu Sampozan Mryojuji ဘုရားကျောင်းမှ ၁၉၉၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သော the Buddhist Summit အခမ်းအနားသို့ ဆရာတော် ဘဒ္ဒန္တ သောဘိတ (ကိုယ်စား) ဘာမင်ဂန် ဝိပဿနာကျောင်း ဆရာတော်၊ Dr. Rewata Dhamma , Spiritual Director of the Birmingham Buddhist Vihara မှ တက်ရောက်ခဲ့ပါသည်။ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် နာယကပါမောက္ခချုပ် ဆရာတော် Dr. Panditavarabhivamsa  သည် ဂျပန်နိုင်ငံ၌ ၂၀၀၈ ခုနှစ်တွင် ကျင်းပသည့် (၅) ကြိမ်မြောက် the Buddhist Summit သို့ ပါဝင် တက်ရောက်ခဲ့ပါသည်။၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ကုမာရာဘိဝံသသည် Dr. Panditavarabhivamsa နှင့် မြန်မာ-ဂျပန်အသင်း (JMA) ဥက္ကဋ္ဌ သံအမတ်ကြီးဟောင်း ဦးစောလှမင်းနှင့်အတူ   ဂျပန်နိုင်ငံတွင် ကျင်းပသည့် (၆) ကြိမ်မြောက် the Buddhist Summit သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ကုမာရာဘိဝံသသည် Nenbutsushu Sampozan Mryojuji သို့ ထပ်မံလာရောက်ဖူးမြော်ခဲ့ပါသည်။ ဂျပန်နိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Nenbutsushu Sampozan Mryojuji သို့ သွားရောက်ဖူးမြော် ခဲ့ ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် Nenbutsushu Sampozan Mryojuji ကျောင်း တော်အတွင်း နာလန္ဒာ မဟာဝိဟာရဗုဒ္ဓတက္ကသိုလ် (Nalanda Mahavihara) ဖွင့်ပွဲအခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ရာ  အဓိကဧည့်သည်တော်အဖြစ် ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသမီး မဟာချက်ကရီ သီရီဒုံ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၄) နိုင်ငံမှ သံရုံးအကြီးအကဲများ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ဟော်ဂိုခရိုင်နှင့် အိုကားယာမခရိုင်တို့မှ မြို့တော်ဝန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

(နာလန္ဒာ မဟာဝိဟာရဗုဒ္ဓတက္ကသိုလ် Nalanda Mahavihara ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်)

(ナーランダ僧院(Nalanda Mahavihara)の落慶祝賀式典を2023913日に開催)

 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ Nenbutsushu Sampozan Mryojuji ကျောင်းတိုက် The Royal Grand Hall of Buddhism  ရှိ International Buddhist Conference Hall တွင် (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံ (The 8th Buddhist Summit) ကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ဆရာတော်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံအမတ်ကြီးများ ပါဝင်တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ (၈) ကြိမ်မြောက် ဗုဒ္ဓထိပ်သီးညီလာခံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ရှမ်းပြည် နယ်၊ ဗုဒ္ဓတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်ဆရာတော်၊ ဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်) နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

(၈-ကြိမ်မြောက်ဗုဒ္ဓထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်)

(第八回仏教サミット開会式を2023914日に開催)

 

၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် Nenbutsushu Sampozan Mryojuji ကျောင်းတိုက်တွင် အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ (International Buddhist Day) ကို ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း (၃၂) နိုင်ငံမှ ဆရာတော်ကြီးများ၊ ဂျပန်နိုင်ငံအခြေစိုက် သံရုံးအသီးသီးမှ သံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဘုရားကျောင်း၏ အသေးစိတ်အချက်အလက်များအား အောက်ဖော်ပြပါ ဝက်ဆိုဒ်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်_

 

Official website of Nenbutsushu Sampozan Muryojuji Temple:

https://nenbutsushu.or.jp/

https://royalgrandhall.jp/

https://nenbutsushu.or.jp/eng/

 

* * * * *

 

 

(အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်)

(国際仏教の日式典を202448日に開催)

 

念佛宗三寶山無量壽寺 総本山「佛教之王堂」

 

 念佛宗三寶山無量壽寺 総本山「佛教之王堂」は、日本の兵庫県加東市上三草の地に、総面積55万坪(182ヘクタール)の境内に建つ、世界最大級の仏教寺院にして、全世界の仏教徒の聖地です。2008年に落成したこの寺院は世界の仏教徒が参詣に訪れる寺院の一つです。

 ミャンマー国家僧伽大長老会議議長バダンタ・ソービタ法王猊下をはじめ、全世界五大陸51ヶ国と1地域の佛教最高指導者より、釈迦如来像及び経典が奉納されている世界唯一の仏教寺院です。日本の伝統建築技術の粋を結集して建立され、本堂の鬼瓦と石灯籠は、世界一としてギネス世界記録に認定されています。

 ミャンマー連邦共和国と念佛宗総本山とは、仏教サミットを通じての強い絆があります。今までに、数多くのミャンマー人の方々が、この寺院を参詣に訪れています。

 念佛宗三寶山無量壽寺で1998年、日本で開催された第一回佛教サミットに、バーミンガム仏教寺院管長レーワタ・ダルマ大僧正猊下が、佛教サミット・ミャンマー代表の、バダンタ・ソービタ法王猊下の名代として出席されました。2008年、国立パリヤッティ仏教大学学長のパンディタバラビヴァムサ大僧正猊下が、日本で開催された第五回佛教サミットに参加されました。2014年には、国家僧伽大長老会議議長のバダンタ・クマラビヴァムサ大僧正猊下が、パンディタバラビヴァムサ大僧正猊下と、元駐日大使でありミャンマー日本協会会長であるソウ・フラ・ミン閣下と共に、日本開催の第六回佛教サミットに出席されました。クマラビヴァムサ大僧正猊下は、閣下と共に2016年にも参詣されています。ソー・ハン駐日ミャンマー大使が寺院を202212月に参詣されました。

 

2023 913日、念佛宗三寶山無量壽寺において、ナーランダ僧院(Nalanda Mahavihara落慶の祝賀式典が執り行われ、主賓としてタイ王国のマハー・チャクリ・シリントーン王女殿下を中心にミャンマーを含む14か国からの大使や、国連からの代表、さらに兵庫県や岡山県の県知事らも出席しました。

 2023914日から15日にかけて念佛宗三寶山無量壽寺総本山「佛教之王堂」のInternational Buddhist Conference Hallにて第八回佛教サミット(The 8th Buddhist Summit)が開催され、32か国から宗教指導者、国連からの代表、各駐日大使館からの大使らが出席しました。この第八回佛教サミットにミャンマーから国家僧伽大長老会議の大僧正バダンタ・サンディマ・ビワンタ博士、シャン州佛教大学(タウンジー)の教授であるバダンタ・ダンマタミ博士(オックスフォード司教)さらに宗教・文化省の担当者らが出席しました。

 2024 48日には、念佛宗三寶山無量壽寺にて国際仏教の日(International Buddhist Day)が開催され、32か国から宗教指導者、各駐日大使館からの大使らが出席しました。

 

念佛宗三寶山無量寿寺の公式ホームページは、以下のとおりです。

https://nenbutsushu.or.jp/

https://royalgrandhall.jp/

https://nenbutsushu.or.jp/eng/

 

 

 

 

 

 

Nenbutsushu Sampozan Muryojuji Head Temple

 

The Head Temple of Nenbutsushu Sampozan Muryojuji, the Royal Grand Hall of Buddhism, is located in Kato City, Hyogo Prefecture, Japan. It is one of the largest Buddhist temples in the world with the precincts of 182 ha and is the sacred place for all Buddhists in the world. It was inaugurated in 2008.

The Buddha image dedicated by the late H.H. Bhaddanta Sobhita Maha Thero, Chairman of the State Sangha Mahanayaka Committee of Myanmar, is enshrined there. Moreover, the Buddha images and Buddhist sutras dedicated by the supreme Buddhist leaders of 51 countries and one region in five continents are enshrined there. Onigawara ridge-end roof tiles of the main hall and stone lanterns were registered as the largest one in the world in the Guinness World Records.

The Republic of the Union of Myanmar has a strong bond with Nenbutsushu Sampozan Muryojuji Head Temple through the activities of the Buddhist Summit, World Buddhist Supreme Conference. Many Burmese people have been visiting this temple.

In 1998, Most Ven. Dr. Rewata Dhamma, Spiritual Director of the Birmingham Buddhist Vihara, participated in the First Buddhist Summit held in Japan as a representative of Myanmar on behalf of H.H. Bhaddanta Sobhita Maha Thero. In 2008, Most Ven. Dr. Panditavarabhivamsa, Rector of State Pariyatti Sasana University, attended the Fifth Buddhist Summit held in Japan. And in 2014, Most Ven. Bhaddanta Dr. Kumarabhivamsa, Chairman of the State Sangha Mahanayaka Committee, participated in the Sixth Buddhist Summit, which was also held in Japan, with Most Ven. Dr. Panditavarabhivamsa and H.E. Saw Hla Min, Chairman of Myanmar-Japan Association and Former Ambassador to Japan. In 2016, Most Ven. Bhaddanta Dr. Kumarabhivamsa visited this temple with His Excellency again. H.E. U Soe Han, Myanmar Ambassador to Japan visited the temple in December 2022.

Official website of Nenbutsushu Sampozan Muryojuji Temple:

https://nenbutsushu.or.jp/

https://royalgrandhall.jp/

https://nenbutsushu.or.jp/eng/