ဂျပန်နိုင်ငံ၊ ခိတကျူးရှုးမြို့၊ မိုးဂျိကမ္ဘာအေးစေတီတော်

 

နိဒါန်း

၁။      ဂျပန်နိုင်ငံ၊ ကျူးရှူးကျွန်း၏ မြောက်ဘက်အစွန်ဆုံး (Kita-Kyushu) မိုးဂျိမြို့အနီးရှိ မဲကာရီတောင်ကုန်းပေါ်တွင်  ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော် (World Peace Pagoda) ကို ၁၉၅၈ ခုနှစ်တွင် တည်ထားခဲ့ပါသည်။ အဆိုပါစေတီတော်အား ရန်ကုန်မြို့ရှိ ကမ္ဘာအေးစေတီတော်ကြီး ၏ ပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်သဖြင့် မိုးဂျိကမ္ဘာအေးစေတီတော်ဟုလည်း ခေါ်ဝေါ် ကြပါသည်။

 

( တောတောင်အလှများကြားမှ ဖူးမြင်ရသည့် မိုးဂျိကမ္ဘာအေးစေတီတော်)

စေတီတော် တည်ထားရခြင်းအကြောင်းရင်း

 

၂။       ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ စစ်မျက်နှာသို့ စစ်သည်တော်များ စေလွှတ်ခဲ့ရာတွင် ခိတကျူးရှူးဒေသမှ စစ်သားသုံးသိန်းလည်း ပါဝင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်စစ်ရှုံးနိမ့်ခဲ့ပြီးနောက် အရှေ့တောင်အာရှဒေသမှ ဂျပန် စစ်သည်များလည်း ပြန်လည်ဆုတ်ခွာခဲ့ပါသည်။

 

၃။      ခိတကျူးရှူးဒေသမှ စစ်ချီသွားခဲ့သော စစ်သည်သုံးသိန်းအနက် စစ်သည်တစ်သိန်းသာ ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မြန်မာစစ်မြေပြင်တွင် မကျဆုံးဘဲ ဂျပန်နိုင်ငံသို့ ပြန်လာနိုင်ခဲ့သော ဂျပန်စစ်သည်အများစုမှာ မြန်မာနိုင်ငံသူ/သားများ၏ ကူညီစောင့်ရှောက်မှု ကြောင့် အသက်ရှင်ကျန်ရစ်ခြင်းဟု ယုံကြည်ခံယူပြီး၊ မြန်မာနိုင်ငံအပေါ် အထူးကျေးဇူးတင်ခဲ့ကြ ပါသည်။

 

၄။      ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးလျက် သံဃာယနာတင်ပွဲတော်ကြီး ကျင်းပခဲ့ရာ ဂျပန်နိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ပါဝင်သော သာသနာရေးကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့ပါသည်။

 

၅။      အဆိုပါ ဂျပန်သာသနာရေးကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံတော်အစိုးရအား ဂျပန်နိုင်ငံ တွင် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် စေတီတော်တစ်ဆူ တည်ထားပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံအစိုးရ ဝန်ကြီးချုပ် ဦးနုမှ ဂျပန်နိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် စေတီတော်တစ်ဆူ တည်ဆောက်ပေးသွားရန်၊ ဂျပန်နိုင်ငံမှ လူငယ်များအား မြန်မာနိုင်ငံသို့ စေလွှတ်လျက် ရဟန်းပြုစေပြီး၊ ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို (၅) နှစ် ကြာ ဆည်းပူးလေ့လာစေရန်နှင့် မြန်မာနိုင်ငံမှ ရဟန်းတော်များကိုလည်း ဂျပန်နိုင်ငံသို့ စေလွှတ်လျက် သာသနာပြုစေရန် သဘောတူညီခဲ့ပါသည်။

 

၆။      အဆိုပါ ဂျပန်သာသနာရေး ကိုယ်စားလှယ်အဖွဲ့၏ မေတ္တာရပ်ခံချက်ကို အခြေခံလျက် ဂျပန်လူငယ် (၁၇) ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပြီး၊ ထေရဝါဒ ဗုဒ္ဓသာသာစာပေများကို လေ့လာဆည်းပူးစေခဲ့ပါသည်။

 

၇။      မြန်မာနိုင်ငံဘက်မှလည်း မြင်းခြံဆရာတော် ဦးဆောင်သော  ဆရာတော် (၅) ပါး ပါဝင် သည့် သာသနာပြုအဖွဲ့ကို ဂျပန်နိုင်ငံသို့ ၁၉၅၇ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် စေလွှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား သဘောတူညီထားခဲ့သည်မှာ မြန်မာဆရာတော်များမှ ဂျပန် နိုင်ငံတွင် (၅) နှစ်ခန့် သာသနာပြုစေပြီး၊ မြန်မာနိုင်ငံသို့ စေလွှတ်ထားသည့် ဂျပန်လူငယ်များ ထေရဝါဒဗုဒ္ဓဘာသာကို (၅) နှစ်ကြာ လေ့လာလျက် ဂျပန်နိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက် လက်သာသနာပြုသွားရန် ဖြစ်ပါသည်။

 

၈။      ယင်းသို့ မြန်မာနိုင်ငံမှ ၁၉၅၇ ခုနှစ်လယ်တွင် ဂျပန်နိုင်ငံသို့ ကြွရောက်လာခဲ့သော မြင်းခြံ ဆရာတော်ဦးဆောင်သည့် သာသနာပြု ကိုယ်စားလှယ်အဖွဲ့တွင် ကမ္ဘာအေးကျောင်းတိုက်မှ ဆရာတော် ခေမိန္ဒနှင့် ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဦးချန်ထွန်းအဖွဲ့တို့သည်လည်း ဆရာတော်ကြီး များကို အလုပ်အကျွေးပြုရန် လိုက်ပါလာခဲ့ပါသည်။ ထိုစဉ်က ဂျပန်ဘုန်းတော်ကြီး ဦးဝိသုဒ္ဓသယ (Reverend D.S. Uchida) သည်လည်း သာသနာပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

 

မိုးဂျိမြို့သူမြို့သားများမှ မြေဝယ်ယူလှူဒါန်းခဲ့ခြင်း

 

၉။      ခိတကျူးရှူး၊ မိုးဂျိမြို့မှ ဂျပန်စစ်ပြန်ကြီးများမှလည်း ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ စစ်မြေပြင်၌ ကျဆုံးသွားခဲ့သော ဂျပန်စစ်သားများအတွက် အောက်မေ့ဘွယ် စေတီတစ်ဆူ တည် ထားနိုင်ရေး ကြိုးပမ်းခဲ့ရာ ထိုစဉ်က မိုးဂျိမြို့တော်ဝန် Mr. Yanagita နှင့် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသို့ စစ်သတင်းထောက်အဖြစ် ရောက်ရှိခဲ့ဘူးသူ Mr. Tetuhara တို့မှ ကမကထ ပြု လျက် မိုးဂျိမြို့သူမြို့သားများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ၁၉၅၆ ခုနှစ်တွင် မိုးဂျိမြို့၏ မြောက် ဘက် မဲကာရီပန်းခြံအနီး မြေအကျယ်အဝန်း ဆူဘို ၃၀၀၀ ကို ဝယ်ယူလှူဒါန်းခဲ့ပါသည်။

 

 

ကျောင်းတိုက်ဆောက်လုပ်ခြင်း နှင့် မြန်မာဆရာတော်များ မိုးဂျိကျောင်း၌ စတင်သီတင်းသုံးခြင်း

 

 

၁၀။    မိုးဂျိမြို့သူမြို့သားများနှင့် ဂျပန်စစ်ပြန်များက ဂျပန်နိုင်ငံသို့ သာသနာပြုရန် ရောက်ရှိနေ သည့် မြန်မာဆရာတော်များ သီတင်းသုံးနိုင်ရန် သစ်သားကျောင်းဆောင် တစ်ဆောင်ကို ၁၉၅၇ ခုနှစ်၊ ဇန်နဝါရီလတွင် မဲကာရီမြေ၌ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မြင်းခြံဆရာတော်ကြီး ဦး ဆောင်သည့် သာသနာပြုကိုယ်စားလှယ်အဖွဲ့သည် မိုးဂျိဘုန်းကြီးကျောင်းတွင် ယာယီသီတင်း သုံးခဲ့ကြပြီး သိမ်တစ်ဆောင်ကိုလည်း သိမ်သမုတ်နိုင်ခဲ့ပါသည်။

 

၁၁။    ယင်းနောက် ၁၉၅၇ ခုနှစ်၊ ဇူလိုင်လတွင် မြင်းခြံဆရာတော်၊ ဆရာတော် (၅) ပါးနှင့် ဦးချန် ထွန်းတို့ မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်သွားခဲ့ရာ၊ ဆရာတော် ခေမိန္ဒမှာ ဂျပန်နိုင်ငံ၌ ဆက်လက်သီတင်းသုံးလျက် ကျန်ရှိနေခဲ့ပါသည်။ ၁၉၅၇ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် မိုးဂျိ ကျောင်း၌ သီတင်းသုံးရန် ဆရာတော် ဦးဉာနုဿရ ဦးဆောင်သည့် ဆရာတော် (၅) ပါး ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။

 

ဂျပန်နိုင်ငံတွင် ဘုရားတည်ရန် မြန်မာနိုင်ငံမှ အလှူငွေများ ပေးပို့ခဲ့ခြင်း

 

၁၂။     မြန်မာအစိုးရနှင့် သာသနာပြုအဖွဲ့သည် ဂျပန်နိုင်ငံ၊ မိုးဂျိမြို့နှင့် ကျိူတိုခရိုင်၊ ယာဝါတ (Yawata) မြို့တို့တွင် ဘုရားနှစ်ဆူ တည်ဆောက်သွားရန် အလှူငွေကျပ် (၄) သိန်း ပေးပို့ လှူဒါန်း ခဲ့ပါသည်။

 

၁၃။    မိုးဂျိစေတီတော် တည်ဆောက်ရေးကို မြန်မာနိုင်ငံမှ ကြွရောက် သီတင်းသုံးနေသည့် ဆရာတော်များနှင့် မိုးဂျိမြို့တော်ဝန်တို့မှ ကမကထပြု ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံသို့ သာသနာပြုရန် စေလွှတ်ခဲ့သော ဂျပန်လူငယ် (၁၇) ဦးသည် တစ်နှစ်မှ သုံးနှစ်ခန့်သာ ရဟန်းဝတ် ဖြင့် ဘာသာစာပေများ လေ့လာနိုင်ခဲ့ကြပြီး၊ လူထွက်ကာ ဂျပန်နိုင်ငံသို့ ပြန်သွားခဲ့ကြပါသည်။ သို့ဖြစ်ရာ ဂျပန်လူငယ်များအား မြန်မာနိုင်ငံတွင် (၅) နှစ်တာ ဗုဒ္ဓဘာသာလေ့လာ ဆည်းပူးပြီး ဂျပန်နိုင်ငံတွင် သာသနာပြုစေရန် ရည်မှန်းချက်မှာ အောင်မြင်မှု မရရှိဘဲ မြန်မာဆရာတော်များမှ ယနေ့တိုင် ဂျပန်နိုင်ငံတွင် အစဉ်အဆက် သီတင်းသုံးကာ သာသနာပြုလျက် ရှိနေရခြင်း ဖြစ်ပါ သည်။

 

(မိုးဂျိကမ္ဘာအေးစေတီတော် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကနဦးပူးတွဲကြိုးပမ်းခဲ့ကြသူများ၊ အလယ်မှဆရာတော်ကြီးမှာ ဘဒ္ဒန္တခေမိန္ဒ ဖြစ်ပါသည်)

 

စေတီတော် စတင်တည်ဆောက်ခဲ့ခြင်း

 

၁၄။    ခိတကျူးရှူး၊ မိုးဂျိမြို့တော်ဝန်မှ ကမကထပြု၍ ဂျပန်စစ်ပြန်များ၊ မြို့သူမြို့သားများက လှူဒါန်းထားသည့် မဲကာရီပန်းခြံအနီးမြေကွက်၌ ဘုရားတစ်ဆူ တည်ဆောက်သွားရန် စတင် ဆောင်ရွက်ခဲ့ကြပါသည်။ ဂျပန်စစ်ပြန်ကြီးများအနေဖြင့် တည်ငြိမ်အေးချမ်းသည့် ကမ္ဘာကြီးကို တည်ထောင်လိုသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ စစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးသွားခဲ့ သည့် ဂျပန်စစ်သည်များအတွက် ဝတ်ပြုဆုတောင်းနိုင်ရေး ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ စေတီတစ်ဆူ တည်ဆောက်သွားလိုသည့်ဆန္ဒရှိကြရာ ကမ္ဘာအေးစေတီတော် ပုံစံအတိုင်း ဆောက်လုပ်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။

 

၁၅။    မိုးဂျိစေတီတည်ဆောက်မည့် မြေနေရာအား ရွေးချယ်ခဲ့ကြပြီး၊ မြေရှင်းလင်းခြင်း လုပ်ငန်း ကို ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင်လည်းကောင်း၊ မြန်မာဆရာတော်များနှင့် ဂျပန် ဘုန်းတော်ကြီးများမှ မြေသန့်စင်ခြင်းကို ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင်လည်း ကောင်း မဲကာရီတောင်ခြေ၌ ပြုလုပ်ခဲ့ပါသည်။

 

၁၆။    ၁၉၅၇ ခုနှစ်၊ မေလ ၁၄ ရက်တွင် စေတီတည်ဆောက်မည့်နေရာ၌ အုတ်မြစ်ချပြီး၊ စတင် ဆောက်လုပ်ခဲ့ကြပါသည်။ စေတီတည်ဆောက်မှုအား ဂျပန်အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ခဲ့ ကြပြီး၊ ၁၉၅၈ ခုနှစ်၊ မတ်လ ၉ ရက်တွင် ပြီးစီးခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရမှ မိုးဂျိစေတီတော် အတွက် ထီးတော်၊ စိန်ဖူးတော်နှင့် စေတီအတွင်း ထားရှိကိုးကွယ်နိုင်ရန် ဘုရားဆင်းတုများ၊ ၁၉၅၈ ခုနှစ်တွင် ဆက်လက်ပေးပို့လှူဒါန်းခဲ့ပါသည်။

 

၁၇။    အဆိုပါ စေတီတည်ဆောက်မှုလုပ်ငန်းတွင် မြန်မာနိုင်ငံဘက်မှ ဂျပန်ယန်းငွေ နှစ်ကုဋေ၊ ဂျပန်ဘက်မှ ယန်းငွေ နှစ်ကုဋေ၊ အကုန်အကျခံ တည်ဆောက်ခဲ့သည်ဟု ဆိုစမှတ်ရှိပြီး၊ မြန်မာ-ဂျပန်ဖက်စပ်ပိုင်သော စေတီဟု ပြောဆိုကြပါသည်။ အဆိုပါစေတီ တည်ဆောက်ပြီးစီးမှုကို နောက်ပိုင်းတွင် ဂျပန်ဘာသာဖြင့် ကျောက်ထက်အက္ခရာတင်၍ မှတ်တမ်းတင်ခဲ့ပါသည်။ အဆိုပါ မှတ်တမ်းကျောက်ပြားကို ဘုရားရင်ပြင်တော်တွင် တွေ့ရှိနိုင်ပါသည်။

 

စေတီထီးတော်တင်ပွဲ အခမ်းအနားပြုလုပ်ခြင်း

 

၁၈။    စေတီထီးတော်တင်ပွဲ အခမ်းအနားကို ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ရက်တွင် ပြုလုပ်ခဲ့ ပြီး၊ ထိုစဉ်က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထွန်းရှိန်၊ တတိယအတွင်းဝန် ဦးသိန်းနှင့် မြန်မာ ပိသုကာ ဦးအုံးဖေ တို့တက်ရောက်ခဲ့ပါသည်။

 

မိုးဂျိကမ္ဘာအေးစေတီတော်အဖြစ် ခေါ်ဝေါ်ခြင်း

 

၁၉။    မိုးဂျိမြို့တွင် တည်ထားခဲ့သည့် စေတီတော်သည် ကမ္ဘာအေးစေတီတော်ကြီး၏ ပုံစံရယူ လျက် တည်ဆောက်ခဲ့ခြင်းကြောင့် မိုးဂျိစေတီတော်အဖြစ် ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြပြီး၊ ဖူကူ အိုကာအုပ်ချုပ်ရေးရုံးတွင် Religious Corporation: World Peace Pagoda, Moji အဖြစ် မှတ်ပုံ တင်ခဲ့ပါသည်။ မိုးဂျိစေတီတော်နှင့် မြန်မာကျောင်းဟူ၍လည်း လူသိများလာခဲ့ပါသည်။

 

 

(မိုးဂျိကမ္ဘာအေးစေတီတော် တည်တံ့ခိုင်မြဲရေးနှင့် ဘုရားပရဝုဏ်အတွင်း သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတနှင့် သံအမတ်ကြီး ဦးစိုးဟန်တို့မှ လှည့်လည်ကြည့်ရှုနေစဉ်)

မိုးဂျိကမ္ဘာအေးစေတီတော်ကြီးသို့ ဘုရားဖူးများ လာရောက်ဖူးမြော်ခြင်း

 

၂၀။     မိုးဂျိကမ္ဘာအေးစေတီတော်ကြီးသို့ ဖူးမြော်ရန် ဂျပန်နိုင်ငံအရပ်ရပ်မှ ခရီးသွားများသည် နွေဦးကာလဖြစ်သည့် ဧပြီလနှင့် ဆောင်းဦးကာလ အောက်တိုဘာလတို့တွင် လာရောက်ကြပါ သည်။ ဂျပန်စစ်ပြန်များမှလည်း စစ်အတွင်း ကျဆုံးသွားသည့် ဂျပန်စစ်သားများအတွက် ဆုတောင်းပွဲများကို ကမ္ဘာအေးစေတီ၌ ပြုလုပ်လေ့ရှိပါသည်။ ရံဖန်ရံခါ စစ်ပြန်များ ဆုံစည်းမှု အခမ်းအနားများကိုလည်း ပြုလုပ်လေ့ရှိပါသည်။

 

ဂျပန်အစိုးရ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်း

 

၂၁။     မိုးဂျိကမ္ဘာအေးစေတီတော်ကြီးအား ဂျပန်အစိုးရမှ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ဂျပန်နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။

 

(ဆရာတော် ၂ ပါး၊ မြန်မာသံအမတ်ကြီးနှင့် ဂျပန်ဂေါပကအဖွဲ့ဝင်များ မိုးဂျိစေတီတော် ရေရှည်တည်တံ့ခိုင်မြဲရေး ညှိနှိုင်းဆွေးနွေးစဉ်)

စေတီတော် ဂေါပကအဖွဲ့နှင့် မြန်မာဆရာတော်ကြီးများမှ သာသနာပြုလျက်ရှိခြင်း

 

၂၂။     မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ရပ်တည် လျက်ရှိသည့် မိုးဂျိကမ္ဘာအေးစေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ-ဂျပန် ဂေါပကအဖွဲ့ ဖွဲ့စည်းထားရှိပြီး  မြန်မာကျောင်းတိုက်တွင် မြန်မာနိုင်ငံ၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စေလွှတ်သည့် ဆရာတော် (၂) ပါးမှ အလှည့်ကျ သီတင်းသုံးလျက် ဂျပန် ပြည်သူများအကြား ထေရဝါဒ ဗုဒ္ဓဘာသာ ပြန့်ပွားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် သာသနာ ပြုလျက် ရှိကြပါသည်။

 

(၂၀၂၃ ခုနှစ်အတွင်း ဘက်စုံပြန်လည်ပြင်ဆင်မွမ်းမံပြီးသည့်

မိုးဂျိစေတီတော်ကြီးအား ဖူးတွေ့ရစဉ်)

 

* * * * *

日本北九州市 門司世界平和パゴダ

 はじめに

1.世界平和パゴダ(World Peace Pagoda)は、日本九州本土の最北端(北九州)、門司区の和布刈の丘に1958年に建立されました。このパゴダはヤンゴンにある世界平和パゴダの様式の通り建てられています。

(自然の中で仰ぎ見る門司世界平和パゴダ)

パゴダ建立の背景

2.第二次世界大戦のさなか、日本がミャンマーを含む東南アジアの戦場に兵士を送ったうち、北九州方面からは30万人の兵士が送られました。1945年、日本は敗戦となり東南アジアから撤退しました。

3.北九州方面からの兵士は10万人のみが日本に帰還することができました。ミャンマーの戦場で命を落とすことなく日本に帰還した兵士たちの多くは、ミャンマー国民の助けにより命を救われたと信じ、ミャンマーに深く感謝し思いを向けています。

4.1957年、ミャンマー政府主催のタンガ・ヤナティン祭りが開催され、日本から僧侶を含む宗教代表団が参加しました。

5.日本の宗教代表団はミャンマー政府に対し、日本に上座部仏教を広めるためパゴダ1基を建立してくれるよう要請しました。ミャンマー政府のウー・ヌ首相は日本に上座部仏教を広めるためにパゴダ1基を建立することと、日本の若者をミャンマーに派遣し出家させて仏教を5年間学ばせること、さらにミャンマーからも僧侶を日本に派遣し布教活動を行わせることに同意しました。

6.この日本の宗教代表団からの要請に基づき、17名の日本の青年をミャンマーに派遣し、上座部仏教を学ばせることとなりました。

7.ミャンマー側からもミン・チャン大僧正率いる5名の僧侶を含む宗教代表団を1957611日、日本に派遣しました。ミャンマーと日本の間の同意の中で、ミャンマーの僧侶が日本で5年間布教活動を行い、ミャンマーに派遣した日本の青年については上座部仏教を5年間勉強させることし、日本に帰国してからも継続して布教活動を行うこととしました。

8.1957年半ばに日本にいらっしゃったミン・チャン大僧正率いる宗教代表団と共に、世界平和僧院のケミンダ僧正と宗教会のチャン・トン氏の一団も大僧正に奉仕するために同行しました。その時、日本の大僧正であるウィトゥダッタヤ(内田大僧正)も布教活動に参加していました。

門司市民が土地を購入し寄付

9.北九州市門司区出身の戦争帰還者も、第二次世界大戦のさなかにミャンマーの戦場で命を落とした日本兵のために、記念の仏塔を建立することに尽力していたところ、当時、門司市長であった柳田氏と第二次世界大戦中にミャンマーに従軍記者として赴いていた市原氏らが先頭に立ち、門司市民の寄付によって1956年、当時の門司市北部にある和布刈公園近くの土地3000坪を購入しました。

ミャンマーの僧房の建設

10.門司市民と日本の帰還兵らが、ミャンマーの僧侶が暮らせるよう木造の僧房1棟を19571月に和布刈地区に建設し寄付しました。ミン・チャン大僧正率いる宗教代表団は門司の僧房で一時的に滞在し、戒壇を築きました。

ミャンマーの僧侶、門司の僧房で生活

11.ミン・チャン大僧正率いる宗教代表団は門司の僧房で一時的に滞在し、和布刈地区に戒壇を築きました。その後、19577月にミン・チャン大僧正と僧侶5名ならびにチャン・トン氏らはミャンマーに帰国しましたが、ケミンダ僧正は引き続き日本に滞在しました。1957811日、門司の僧房に滞在するためにウ・ニャーヌタラ大僧正率いる僧侶5名が日本に到着しました。

日本にパゴダを建てるためにミャンマーから寄付金を送金

12. ミャンマー政府と宗教代表団は、日本にある門司市と京都府の八幡市にパゴダ2基を建設するために寄付金40万チャットを送金しました。

 

13. 門司のパゴダの建設について、ミャンマーから到着し生活している僧侶たちと門司市長が先頭に立ち取り組みました。布教活動を行うためにミャンマーに派遣された17人の日本人の若者は、1年から3年余り僧侶になり宗教を学んで、その後僧侶の生活から一般の生活に戻って日本に帰国しました。 したがいまして、当初の目的であるミャンマーで5年間仏教を学ぶということが果たせなかったため、ミャンマーの僧侶たちは今日まで日本に滞在して布教活動を続けています。

 

(門司世界平和パゴダが末永く存在するため、初期の段階で尽力された方々。中央はバダンタケーメインダ大僧正)

パゴダの建設を開始

14. 北九州門司市長が先頭に立ち、退役軍人と市民から寄贈された和布刈の丘近くの土地でパゴダの建設が開始されました。退役軍人たちは戦争がない世界を作るという大きな目的で、ミャンマーで命を落とした日本兵のためにミャンマーの世界平和パゴダのようなパゴダを建設することを決定しました。

 

15. パゴダを建てる建設地が選ばれて、整地作業が 1956 9 7日に行われ、ミャンマーの僧侶と日本の僧侶による地鎮祭が1956911日に丘のふもとで行われました。

 

16. 1957年5月14日にパゴダの建設地で杭打ち式を行った後に建設が開始されました。パゴダは日本の技術者によって建設され、1958年3月9日に全体の建設が完了しました。塔の傘、尖塔冠及びパゴダの中での礼拝のため多くの仏像がミャンマー政府から送られ、1958年以降も続けて寄付が送られてきました。

 

(門司世界平和パゴダが末永く存在するよう、パゴダ周辺を保護しているバダンタパンディタ大僧正とソー・ハン駐日大使による視察)

17. パゴダの建設費は、ミャンマー側と日本側が折半して合わせて4000万円だったことが記録され、ミャンマー・日本の合同パゴダと言われています。パゴダ建立が完了した後に、日本語で石板に文字が刻まれ記録されています。この石板をパゴダの境内で見ることができます。

 

パゴダの傘蓋をのせる儀式

18. パゴダの傘蓋をのせる儀式が1958年9月9日に行われ、駐日ミャンマー大使館から当時のトゥン・シェイン大使、テイン三等書記官、ミャンマーの建築家のオン・ペィ氏が参加しました。

 

門司世界平和パゴダと名付けられる

19. 門司市に建てられたパゴダはヤンゴンの世界平和パゴダ(ガバーエーパゴダ)と同じ形で建てられたため、門司世界平和パゴダと名付けることを決定し、福岡県庁に「宗教法人世界平和パゴダ(門司)」(Religious Corporation: World Peace Pagoda, Moji)として登録されました。それ以来、門司世界平和パゴダならびにミャンマー僧院として知られました。

 

2名の大僧正、ミャンマー大使、日本の奉賛会メンバーによる門司世界平和パゴダのための調整会議)

門司世界平和パゴダへの参拝者

20. 門司世界平和パゴダにお参りするために、日本中の参拝者が特に春の4月と秋の10月にやって来ます。戦争帰還者も戦場で命を落とした兵士たちのためにパゴダで戦没者慰霊祭を行い、時には戦争帰還者らの再開の会も行われます。

 

日本政府より有形文化財として認定される

21. 門司世界平和パゴダは日本政府から  年に日本の有形文化財として登録されました。

 

2023年に全面改修された門司の仏塔を参拝)

 

 

パゴダ奉賛会ならびにミャンマーの大僧正による布教活動

22.ミャンマーと日本の二カ国の関係の歴史的な事柄として、門司世界平和パゴダが末永く存在するよう、ミャンマー-日本奉賛会を設立しミャンマーの僧房にミャンマー宗教・文化省より派遣された僧侶2名が輪番制で滞在し、日本国民に上座部仏教が普及するよう尽力し布教活動を行っています。

 

* * * * *